ကြံခင်း မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (MCCT) အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့မရပ်ကွက်အတွင်းရှိ အကျုံးဝင်သူများ လက်ဝယ်သို့ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်းက နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သန်စွမ်းကျန်းမာ၊ ဉာဏ်ရည်ထက်သောကလေးများ မွေးထုတ်ပေးနိုင်ရန်နှင့် အာဟာရပြည့်ဝစွာ စားသောက်နေထိုင်နိုင်ရန် ထောက်ပံ့ပေးခြင်းအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က ကိုယ်ဝန်ဆောင်ချိန်နှင့် မိခင်နို့တိုက်ကျွေးချိန် အာဟာရအုပ်စုပြည့်ဝစွာ စားသောက်ကြရန် ပြောကြားသည်။ ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်(၂၉)ဦးနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေး(၄၃)ဦးတို့အား တစ်ဦးလျှင်(၁၅၀၀ဝိ/)ကျပ်ကို လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီး အာဟာရပြည့်ဝစေရန် ကြက်ဥများ ပေးဝေခဲ့ကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ (MCCT)အစီအစဉ်တွင် အကျုံးဝင်ခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်(၄၈၈)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး(၇၅၅)ဦးအတွက် တစ်ဦးလျှင်(၁၅၀၀ဝိ/)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း (၁၈၆၄၅၀၀ဝိ/)အား လက်ဝယ်အရောက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ထပ်ဆင့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။
မြို့နယ်(ပြန်/ဆက်)