ကန့်ဘလူမြို့တွင် နွေရာသီကျောင်းပိတ်ရက် လက်မှုပညာ သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်
Mar 23,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူများ လက်မှုပညာရပ်များ တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၂ နာရီက သိုးမွှေးချည်ထိုးနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။