သတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 25,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၂၀ ရက်နေ့ ၁၁ နာရီအချိန်က လားရှိုးမြို့၊ ခရိုင်ပညာရေးမှူးရုံးတွင် ကျင်းပသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပါဋ္ဌိပထမပြန် စာအောင်သံဃာတော်များအား ဆုချီးမြှင့်ဆက်ကပ်ခြင်းနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ၁၃၈၄ ခုနှစ် (၂၀၂၃) အား ဆုချီးမြှင့်ဆက်ကပ်ခြင်းနှင့် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို အမှတ် (၇) ရပ်ကွက်ရှိ သာသနာ့နုဂ္ဂဟသာသနာ့ဗိမာန်တော်ကြီးတွင် မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခွာညိုလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား
Mar 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Clean & Clean စီမံကိန်းရန်ပုံငွေဖြင့် Royal KTK Co.Ltd ကုမ္မဏီမှ မိုင်းတုံမြို့တွင်းလမ်းဖြစ်သော ခွာညိုလမ်းကို အရှည်(၂၆၀‌)ပေ၊ အကျယ်(၁၂)ပေ ထု(၆)လက်မ ရှိကွန်ကရစ်လမ်းခင်းခြင်းကို (၁၄.၀၁၀)သန်းဖြင့် ဦးဝဏ္ဏသိန်း(တာဝန်ခံအင် ဂျင်နီယာ)မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနား ကျင်းပ
Mar 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို ယမန်နေ့က တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၌ ကျင်းပသည်။
သရက်မြို့၌ အခြေခံပညာအလယ်တန်းဆင့်၊ မူလတန်းဆင့် ဆရာ/ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့် (မြို့နယ်)အဆင့် ဆွေးနွေးပွဲကျင်းပ
Mar 25,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အခြေခံပညာအလယ်တန်းဆင့်/မူလတန်းဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့် (မြို့နယ်)အဆင့် ဆွေးနွေးပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်းရတုခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့နယ် မြို့နယ်လုံးဆိုင်ရာ မွေတော်ဆုတောင်းပြည့်စေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနား စည်ကားသိုက်​မြိုက်စွာ ကျင်းပ
Mar 25,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မွေတော်ဆုတောင်းပြည့်စေတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနား စည်ကားသိုက်​မြိုက်စွာကျင်းပရာ ယမန်နေ့နံနက်ပိုင်းက မွေတော်ဆုတောင်းပြည့်စေတီတော်အား ထီးတော်သစ်တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်း ကျင်းပ
Mar 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃−၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် KG မှ Grade-5 အထိ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။