သတင်းများ

ခရမ်းမြို့နယ်ရှိ အငြိမ်းစားနိုင်ငံဝန်ထမ်းပင်စင်စားများအား ကိုဗစ်ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံ
Mar 23,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကိုဗစ်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို မတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး
Mar 23,2024
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ် ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးရေးဘဏ်မှ သိရသည်။
ဖျာပုံမြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဇောင်း-ပုလဲကျေးရွာချင်းဆက်လမ်းပေါ်ရှိကွန်ကရစ်တံတားသစ်ဖွင့်
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သောကဇောင်း-ပုလဲ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ် ဖွင့်ပွဲကို ယမန်နေ့လယ်ပိုင်းအချိန်က အဆိုပါ ကျေးရွာတံတားမုဒ်ဦးရှေ့တွင်ပြုလုပ်ခဲ့သည်။
မအူပင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် အထွဋ်ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲကျင်းပ
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အထွဋ်ဘုံ အဆင့်ဆင့် တင်လှူပူဇော်ပွဲကို ယနေ့နံနက် (၇)နာရီမှ စတင်ကျင်းပခဲ့သည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြု၍ သန်လျင်မြို့နယ် ရုံးသပြေကန်ကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကျင်းပ
Mar 23,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ရုံးသပြေကန်ကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီတွင် အဆိုပါ ဂဝံလမ်းထိပ်မုခ်ဦး၌ ကျင်းပသည်။
ကျောက်တန်းမြို့နယ်၊ ဥယျာဥ်ကျေးရွာ၌ မြစိမ်းရောင်(ငါးကဏ္ဏ)မှ မြစိမ်းရောင်ခန်းမဆောင်ဆောက်လုပ်ထားသော မြေကွက်ပိုင်ဆိုင်မှု စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်
Mar 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဥယျာဥ်၌ မြစိမ်းရောင်(ငါးကဏ္ဏ)မှ မြစိမ်းရောင်ခန်းမဆောင်ဆောင်လုပ်ထားသော မြေကွက်ပိုင်ဆိုင်မှုစာရွက်စာတမ်းများ လွှဲပြောင်းပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ဥယျာဥ်ကျေးရွာ မြစိမ်းရောင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 23,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က သုံးခွမြို့မဈေးနှင့် အနီးဝန်းကျင်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၇) ဆင်းပွဲကျင်းပ
Mar 23,2024
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြင့်မားစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။