နေပြည်တော် မတ် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ ကျင်းပသည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် ၂ဝ၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ပြီး၊ အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တံခွန်စိုက်ဖလားဆုကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသောအသင်းများ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသောအသင်းများ၊. အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာ၊ လူထုဖွံ့ဖြိုးရေးစင်တာတွင် လေဘေးသင့်ပြည်သူများအား နေပြည်တော်ကောင်စီနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အဖွဲ့ဝင်များဖြစ်သည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးရုံးမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်နှင့်ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ကျော်ကိုဝင်း၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လေဘေးသင့်ခံရမှုအခြေအနေအား တင်ပြခြင်း၊ ညွှန်ကြားရေးမှုး ဦးစဝီလီဖရန့်က လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး လေပူ လေထု ဖိအားမညီမျှမှုကြောင့် မိုးသီးများကျနိုင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်လာခဲ့ရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများ ကူညီဆောင်ရွက်ရန်အသင့်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ မကျရောက်ခင်ကြိုတင်ပြင်မှုများ ဆောင်ရွက်သင့်ပါကြောင်း၊ သတင်းအသိပညာခေတ်မှာ အင်တာနက်ကနေပြီး ဆိုရှယ်မီဒီယာပေါ်မှာ ရာသီဥတုအခြေအနေတွေကိုလည်း သိရှိနိုင်ပါကြောင်း ရှင်းလင်းမှာကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား N.N.N အိမ်ဆောက်ပစ္စည်းဆိုင်မှ လှူဒါန်း သည့် ၁ဝ ပေ သွပ် ၁ဝဝ ချပ်အပါအဝင် နေပြည်တော်ကောင်စီ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ထောက်ပံ့ရေးပစ္စည်းများ၊ ထောက်ပံ့ငွေများအား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်ထံထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တပ်ကုန်းမြို့နယ်၊ အင်ဘက်ကုန်းကျေးရွာ၊ စနစ်ကျလယ်ယာမြေဖော်ထုတ်ရေး ရှင်းလင်းဆောင်တွင် နွေနှမ်းစိုက်ပျိုးမည့် တောင်သူများအား သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်း ဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦးက စက်မှုလယ်ယာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ပေးမှုများ ရှင်းလင်းတင်ပြခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းညွှန့်တို့က နွေနှမ်းပန်းတိုင်အထွက်နှုန်းတိုးအောင် ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအနေဖြင့် ဆီထွက်သီးနှံများ လျာထားချက်များပြည့်မီအောင် စိုက်ပျိုးဖြစ်ထွန်းနိုင်ရေး၊ နိုင်ငံခြားမှ ဆီတင်သွင်းမှုလျှော့ချနိုင်ရေး အထွက်နှုန်းကောင်းမွန်အောင် ဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး တာဝန်ရှိသူများအတူ နှမ်းစိုက်တောင်သူများအား သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး စနစ်ကျလယ်ယာမြေဖော်ထုတ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ တင်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရင်ကွက်၊ ဦးစိုးသန်း၏ ဒေါင်းမင်းဆီစက်သို့ ရောက်ရှိ၍ ဆီစက်အတွင်း လှည့်လည်ကြည့်ရှုအားပေးပြီး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးတို့ကို မှာကြားကာ နေကြာဆီကြိတ်ခွဲနေမူအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်