နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တပ်ကုန်းမြို့နယ်၊ ဒ​ယောက်ကူးကျေးရွာတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုအား ကြည့်ရှုအားပေး

တပ်ကုန်း မတ် ၂၃

နေပြည်တော်ကုသရေးဦးစီးဌာနမှဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီးခုတင် ၂၀၀ ဆေး ရုံကြီးနှင့် တပ်ကုန်းမြို့ခုတင် ၁၀၀ ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဒယောက်ကူး ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဓမ္မစင်္ကြာဗိမာန်တော်တွင် အောင်မြေရိပ်သာ၊ ဒယောက်ကူး၊ လက်ပန်ပု၊ နောင်ဘို့အိုး၊ သပြေကုန်း၊ ကံကြီး၊ ဒဟတ်တော၊ တလင်းကုန်း၊ ကျောက်စရစ်ကုန်းကျေးရွာတို့မှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်တို့နှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒယောက်ကူးကျေးရွာဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဆန္ဒာဓိကအား ဖူးမြော်ကြည်ညိုပြီး၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာတွင်  နေပြည်တော်တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပျဉ်းမနားခုတင် ၂၀၀ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တပ်ကုန်း ခုတင် ၁၀၀ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီး ယပ်အထူးကု၊ သွားအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်း ပြသခဲ့ပြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဆေးကုသမှုခံယူနေသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက  လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်ဘုရားနှင့်အာဟာရဖြစ် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်သည် ဘုန်းတော်ကြီးကျောင်းမှ ဦးဆောင်၍ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်နေမှုအား ကြည့်ရှု့အားပေးခဲ့သည်။

ယနေ့ ဒယောက်ကူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား အခမဲ့ဆေး ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါ လူနာ ၁၁၉ ဦး၊ မျက်စိလူနာ ၉၅ ဦး၊ အရိုးလူနာ ၆၁ ဦး၊ ကလေးလူနာ ၂၂ ဦး၊ သားဖွားမီးယပ်လူနာ ၁၁ ဦး၊ သွားလူနာ ၂၇ ဦး၊ ခွဲစိတ်လူနာ ၁၄ ဦး၊ စုစုပေါင်းလူနာ ၃၄၈ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

တင်စိုးလွင်