သတင်းများ

မက်မန်းမြို့တွင် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေဖြင့် ဂါလံ(၃၀၀၀၀)ဆံ့ မြို့ရေပေးဝေရေး ရေစုကန်ဆောက်လုပ်နေမှုအား မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 25,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေဖြင့် ဂါလံ(၃၀၀၀၀)ဆံ့ မြို့ရေပေးဝေရေး ရေစုကန်ဆောက်လုပ်‌နေမှုအား မြို့နယ်တည်ဆောက်ရေးကြီးကြပ်ရေးကော်မတီမှ ယမန်နေ့မွန်းလွဲပိုင်းချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Mar 25,2024
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ယမာန်နေ့နေ့လယ် ၁ နာရီက သီရိမင်္ဂလာကံလှပရိယတ္တိစာသင်တိုက် မြတ်ကံလှသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
မက်မန်းမြို့ မင်းရန်အောင်စေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနီယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Mar 25,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၏ ကျက်သရေဆောင် မင်းရန်အောင်စေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၈:၃၀)နာရီအချိန်က စေတီတော်ကြီး၏ အာရုံခံဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေခြင်းနှင့် နည်းပညာပေးသင်တန်း ဖွင့်လှစ်
Mar 25,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒေသတွင်း MSME တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ စွန့်ဦးတီထွင်သူများပေါ်ထွက်လာစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးပြည့်မီသည့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေခြင်းနှင့် နည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းဆင့်၊ မူလတန်းဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။
သာယာဝတီမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်းပို့ချ
Mar 25,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က (၁) သာယာဝတီပညာ့အားမာန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
ချီဖွေမြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2024
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက် (၁၀) နာရီအချိန်က ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာများ လက်ဝယ်အရောက် ဖြန့်ဝေပေးကြသည်။
ဟုမ္မလင်းမြို့ ပြည်သူ့စာကြည့်တိုက်၌ ပုံတူပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ်မလင်းမြို့နပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံတူပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲကို မတ် (၂၅) ရက်နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။