ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကျင်းပ

ဒဂုံတောင် မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကင်းထောက်လူငယ်များက “ပြည်သူ့အတွက်အစဉ်သင့်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး ကင်းထောက်သမိုင်းကြောင်း ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က ကင်းထောက်လူငယ်သင်တန်ဖွင့်လှစ်နိုင်ရန်အတွက် အခြေခံပညာကျောင်းသို့ အလှူငွေကျပ် နှစ်သိန်း/-ကို လှူဒါန်းပေးအပ်သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများနှင့် ကင်းထောက်ကျောင်းသားလူငယ်များက “ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်း” သီချင်းဖြင့် စုပေါင်းဂုဏ်ပြုသီဆိုကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

ကျော်စွာမိုး