ပင်လောင်း မတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မွေတော်ဆုတောင်းပြည့်စေတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပရာ ယမန်နေ့နံနက်ပိုင်းက မွေတော်ဆုတောင်းပြည့်စေတီတော်အား ထီးတော်သစ်တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယမန်နေ့မွန်းလွှဲ ၁ နာရီအချိန်က စေတီတော်၏ အရှေ့ဘက်တန်ဆောင်းတွင် မွေတော်ဆုတောင်းပြည့်စေတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း လှူဒါန်းမှုအစုစုအတွက် အကျိုးယူရေစက်ချတရားတော်နာ မင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့၍ ဖွင့်လှစ်ပြီး၊ စေတီတော်ဂေါပကအဖွဲ့မှ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ထီးတော်သစ်တင်လှူပူဇော်ခြင်း လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြလျှောက်ထားခဲ့သည်။
အလှူရှင်များ၊ တရားတော်နာပရိသတ်များက ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးအား ရှိခိုးကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်ချီးမြှင့်ခြင်းနှင့် ဓမ္မကထိက ဆရာတော်က အနုမောဒနာ တရားတော်ချီးမြှင့်ခဲ့သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ရာ၊ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့ပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အလှူတော်မင်္ဂလာအခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)