၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လားရှိုး မတ် ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၂၀ ရက်နေ့ ၁၁ နာရီအချိန်က လားရှိုးမြို့၊ ခရိုင်ပညာရေးမှူးရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်က လူရည်ချွန်ရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လားရှိုးခရိုင်အတွင်းမှ ရွေးချယ်ခံခဲ့ရသည့် လူရည်ချွန်လူငယ်မောင်မယ်များအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုကတ်များကို ပေးအပ်ရာ လူရည်ချွန် လူငယ်မောင်မယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ 

လားရှိုးခရိုင်အတွင်းတွင် ရွေးချယ်ခံခဲ့ရသည့် လူရည်ချွန်မောင်မယ် ၈ ဦးရှိပြီး ၎င်းတို့မှာ မောင်ဟိန်းထက်အောင် အ.ထ.က(၈)၊ မဆောင်းသဇင်ကျော် အ.ထ.က(၅)၊ မောင်သန့််ဇင်အောင် အ.ထ.က(၅)၊ မအိသဉ္ဇာဝင်း အ.ထ.က(၅)၊ မောင်အိုက်ကပ်စံ အ.ထ.က(၁) ၊ မဆုပြည့်ထက် အ.ထ.က(ခွဲ) အ.လ.က(၈)၊ မောင်ဇော်မျိုးဦး အ.ထ.က(၁)၊ မနန်းနွေးသိမ့်နေခြည် ဝင်းနိုင်အောင်မြေကိုယ်ပိုင်အထက်တန်းကျောင်းတို့ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)