သတင်းများ

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံထူးချွန်ထက်မြက်စေရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်လှစ်ပို့ချ
Mar 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစနစ်နှင့် အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသနိုင်သည့် ဆရာ၊ ဆရာမများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပခဲ့ရာ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊ မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ခန္တီးမြို့နယ်၌ မျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကျင်းပ
Mar 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးချုပ်မှ စိုက်ပျိုးရေး ပညာရှင်များနှင့် တိုင်းဒေသကြီး မျိုးစေ့ဌာနခွဲတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် တောင်စောင်းစိုက်ပျိုးနည်းစနစ်နှင့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးရာသီဥတုနှင့် ကိုက်ညီမည့် မျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ် ဝဲကြီးကျေးရွာသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Mar 25,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက အနောက်ဘက်ကျေးရွာအုပ်စု၊ ‌‌ဝဲကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွံ​တေးမြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁) တွံတေးယုဇနခန်းမ၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ့်အားကိုယ်ကိုးကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် (၉) နာရီက အမှတ်(၁) ရပ်ကွက်၊ ဟိုတယ်လမ်း၌ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်
Mar 25,2024
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း နိုင်ငံရတနာ ခန်းမတွင် ကျင်းပခဲ့သည်။