ကျိုင်းတုံ မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို ယမန်နေ့က တိုင်းရင်းဆေးရုံ(ကျိုင်းတုံ)၌ ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံခရိုင်တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီး ဦးကြည်ဝင်းက အမှာစကားပြောကြားပြီး မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာဦးဝေဇော်က မီးယပ်အဖြူဆင်းရောဂါအကြောင်း စာတမ်းဖတ်ကြားပြီး တက်ရောက်လာကြသည့် ကျိုင်းတုံခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးမင်းဟန်၊ ကျိုင်းတုံတိုင်းရင်းဆေးရုံအုပ် ဦးမြင့်ခိုင်၊ ဒုတိယဆေးရုံအုပ် ဦးဆန်းလှိုင်၊ ကျိုင်းတုံမြို့နယ်တိုင်းရင်းဆေးမှူး၊ ကျိုင်းတုံ/တာချီလိတ်ခရိုင်တိုင်းရင်းဆေးအသင်းနှင့် ဖိတ်ကြားထားသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တာချီလိတ်မြို့ လင်းသုခတိုင်းရင်းဆေးကုခန်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဆေးတိုက်မှ ဆရာဦးဇော်လင်းက စာတမ်းရှင်အား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းဆေးဆရာကြီး ဦးကြည်ဝင်းအား တိုင်းရင်းဆေး ဆရာ၊ ဆရာမများက ဂါရဝပြုကန်တော့လက်ဆောင်ဖြင့် ကန်တော့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)