မိုင်းတုံ မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Clean & Clean စီမံကိန်းရန်ပုံငွေဖြင့် Royal KTK Co.Ltd ကုမ္မဏီမှ မိုင်းတုံမြို့တွင်းလမ်းဖြစ်သော ခွာညိုလမ်းကို အရှည်(၂၆၀)ပေ၊ အကျယ်(၁၂)ပေ ထု(၆)လက်မ ရှိကွန်ကရစ်လမ်းခင်းခြင်းကို (၁၄.၀၁၀)သန်းဖြင့် ဦးဝဏ္ဏသိန်း(တာဝန်ခံအင် ဂျင်နီယာ)မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခွာညိုလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီထွန်းနှင့်အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား(၁၅၂)ဦး တက်ရောက်ခဲ့သည်။
အဆိုပါခွာညိုလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်မှ အဖွင့်အမှာစကားပြောကြားပြီး၊ Royal KTK Co.Ltd ကုမ္မဏီမှ တာဝန်ခံအင်ဂျင်နီယာ၊ ဦးဝဏ္ဏသိန်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ထံသို့ခွာညိုလမ်းကွန်ကရစ်လမ်းပြီးစီးမှုလုပ်ငန်းအား လွှဲပြောင်းအပ်နှံရာ မြို့မရပ်ကွက်ကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွဋ်၊ ရပ်မိရပ်ဖ ဦးစိုင်းချိုဟိန်းတို့ကခွာညိုလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခွာညိုလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)