သရက် မတ် ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အခြေခံပညာအလယ်တန်းဆင့်/မူလတန်းဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့် (မြို့နယ်)အဆင့် ဆွေးနွေးပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်းရတုခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပညာပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြာရာတွင် G-9 အောင်မြင်သည့် ကျောင်းသား/ကျောင်းသူများကို စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းတို့ တက်ရောက်စေလိုကြောင်း ဆွေးနွေးပေးရန်နှင့် ဆရာ/ဆရာမများအနေဖြင် မိမိသင်ကြားပို့ချသည့်ဘာသာရပ်များကို ကျောင်းသား/ကျောင်းသူများအား ဂရုစိုက်သင်ကြားပေးစေလိုကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက သင်တန်းသား/သင်တန်းသူများ သင်တန်းကို စည်းကမ်းရှိစွာ သင်ကြားစေလိုကြောင်းနှင့် ကလေးများကို ထူးချွန်ထက်မြတ်တဲ့ ကလေးများဖြစ်အောင် သင်ကြားပေးစေလိုကြောင်း သင်တန်းတွင် သတ်မှတ်စည်းကမ်းနှင့် အညီတက်ရောက်စေလိုကြောင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)