ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပါဋ္ဌိပထမပြန် စာအောင်သံဃာတော်များအား ဆုချီးမြှင့်ဆက်ကပ်ခြင်းနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ဒဂုံအရှေ့ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ၁၃၈၄ ခုနှစ် (၂၀၂၃) အား ဆုချီးမြှင့်ဆက်ကပ်ခြင်းနှင့် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို အမှတ် (၇) ရပ်ကွက်ရှိ သာသနာ့နုဂ္ဂဟသာသနာ့ဗိမာန်တော်ကြီးတွင် မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးမြို့နယ် သံဃာနာယကအဖွဲ့ (ဝေဋ္ဌဝန်ဂိုဏ်း) ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာမိဩဝါဒစရိယထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်ပါဋ္ဌိပထမပြန်စာမေးပွဲသြဝါဒစရိယနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပါဋ္ဌိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပထမကြီးတန်းမှ (၁၀) ပါး၊ ပထမလတ်တန်း (၇) ပါး၊ ပထမငယ်တန်း (၁၃၄) ပါး၊ စုစုပေါင်း (၂၁၅) ပါးတို့အား လှူဖွယ်ပစ္စည်းများနှင့် စာအောင်လက်မှတ်များအား ဆက်ကပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလမှ ရေစက်ချတရားဟောကြားချီးမြှင့်ခဲ့ပြီး သြဝါဒဆရာတော် (၁၃) ပါးနှင့် စာအောင်သံဃာတော် (၂၁၅) ပါး၊ စုစုပေါင်း (၂၂၈) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ