ပြင်ဦးလွင်မြို့ ဇိနမာန်အောင်လွတ်လပ်ရေးအောင်စေတီ(ကျောက်တောင်ဘုရား)၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် (၂၁)ကြိမ်မြောက် သံဃာတော်(၁၀၈)ပါးအား သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် မတ် ၂၆

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)၌ တည်ထားကိုးကွယ်လျက်ရှိသော ဇိနမာန်အောင်လွတ်လပ်ရေးအောင်စေတီ(ကျောက်တောင်ဘုရား)၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် (၂၁)ကြိမ်မြောက် သံဃာတော်(၁၀၈)ပါးအား သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ ၂၄ရက်နေ့ တပေါင်းလပြည့်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

ဇိနမာန်အောင်လွတ်လပ်ရေးအောင်စေတီ(ကျောက်တောင်ဘုရား)၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် (၂၁)ကြိမ်မြောက် သံဃာတော်(၁၀၈)ပါးအား သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပင့်ဖိတ်ထားသော သံဃာတော် (၁၀၈) ပါးအား ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးဦးဆောင်သော တပ်ရင်းတပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက  ဆွမ်းဆန်စိမ်းအစရှိသော လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ၊ ဆေးဝါးများအား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)