(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ချင်းဆက်လမ်း အမှတ် (၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

တိုက်ကြီး မတ် ၂၆

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ချင်းဆက်လမ်း အမှတ်(၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ချင်းကုန်း ကျေးရွာအုပ်စု ကျားချောင်းကျေးရွာတွင် ယမန်နေ့နံနက်(၇)နာရီက ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်း​ဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထင်ကျော်က စီမံကိန်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ခရိုင်ချင်းဆက်လမ်း အမှတ်(၁) ကွန်ကရစ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်ချင်းဆက်လမ်း အမှတ်(၁) ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

စန်ကလျာခိုင် (ပြန်/ဆက်)