ကဝ မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက အ.ထ.က (ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို သင်တန်းနည်းပြ ဆရာ/ ဆရာမ (၄၂) ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး ကဝမြို့နယ် အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ/ ဆရာမ (၅၉၂) ဦး တက်ရောက်ကာ သင်တန်းကာလမှာ မတ်လ (၂၅) ရက်မှ (၃၀) ရက်ထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)