နောင်ချိုမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့်ရှိ ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

နောင်ချို မတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့်ရှိ ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးသင်း၏ ဦးဆောင်မှုဖြင့် မတ်လ ၂၁ မှ မတ်လ ၂၅ ရက်နေ့အထိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသို့ ဘာသာရပ်အလိုက်တတ်ကျွမ်းသော ဆရာ၊ ဆရာမ(၁၈၄)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပရခြင်းသည် နောင်ချိုမြို့နယ်အတွင်း အထက်တန်းအဆင့်ရှိ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်စနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)