ပခုက္ကူမြို့၌ MSME လုပ်ငန်းအဖြစ် အညာဒေသချည်ထည်အမျိုးမျိုး ထုတ်လုပ်ဖြန့်ချီလျက်ရှိသည့် စိန်ငါးပွင့်၊ ဓာတ်ဆိုး၊ ဆေး၊ ချည်မျှင်နှင့် ချည်ထည်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်း
Mar 25,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ကုန်ချောပစ္စည်းများထုတ်လုပ်ကာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်ကြသည်။ ပခုက္ကူအညာဒေသတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတို့အနက် ဝါစိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ဝါဂွမ်းမှတစ်ဆင့် ဆန်းသစ်သောချည်ထည်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းလျက်ချသည့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က စိန်ငါးပွင့်၊ ဓာတ်ဆိုး၊ ဆေး၊ ချည်မျှင်နှင့် ချည်ထည်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-