လှည်းကူး မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်း/ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း မြို့မ(လှည်းကူး) ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်လက်ထောက်ပညာရေးမှူးဦးသက်ဦးက အမှာစကားပြောကြားရာတွင် ပညာရေးဆိုင်ရာ အချက်အလက်များ၊ သင်တန်းဆိုင်ရာအချက်အလက်များနှင့် ယနေ့ ဆွေးနွေးပို့ချသည်များကို သေချာစွာမှတ်သားကြစေလိုပါကြောင်း၊ သင်တန်းသား/သူများ သင်တန်းသို့ အချိန်မှန်ရောက်ရှိရေး၊ ယူနီဖောင်းဝတ်ဆင်ရေး၊ သင်တန်းစည်းကမ်းအတိုင်း နေထိုင်ဆောင်ရွက်ရေးတို့ကိုပြောကြားခဲ့သည်။
ဆက်လက်၍ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွန်းမံသင်တန်း / ဆွေးနွေးပွဲကို ပြုလုပ်ရာ မြို့နယ်လက်ထောက်ပညာရေးမှူးမှ လိုအပ်သည်များကိုမှာကြားသည်။ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို သင်တန်းသား /သူ (၉၄၄) ဦးအား နည်းပြဆရာ (၆၂) ယောက်ကို စာသင်ခန်း (၃၁) ခန်းတွင် သင်ကြားပို့ချပေးမှာဖြစ်ပြီး အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွန်းမံသင်တန်းကို အ.ထ.က (လှည်းကူး)ကျောင်းတွင် သင်တန်းသား/သူ (၄၄၃) ဦးအား သင်တန်းနည်းပြ (၂၈)ဦးမှ စာသင်ခန်း (၂၈) ခန်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၂၅-၃-၂၀၂၄ ရက်နေ့မှ ၂၉-၃-၂၀၂၄ ရက်နေ့ထိ သက်ဆိုင်ရာဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)