ပေါင်းတည် မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ နွေစပါးမြေသြဇာကြဲပက်ပွဲကို ယနေ့နံနက် ၉ နာရီက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာ၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ မြေသြဇာကြဲပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့နှင့်နွေစပါးစိုက်တောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ကြသည်။
ထိုမြေသြဇာကြဲပက်ပွဲကို ကြူတောကန်ကျေးရွာတောင်သူ ဦးမောင်စိုး၏ ၅ ဧကစိုက်ခင်း၌ လက်ဆွဲကောက်စက်ဖြင့်စိုက်ပျိုးထားခဲ့သော အထွက်ကောင်းဗီယက်နမ် နွေစပါးစိုက်ပျိုးခင်းတွင်ပြုလုပ်ကြပြီး သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာတို့ အချိုးကျဖော်စပ်ကာ စနစ်တကျကြဲပက်ပြသကြသည်။
ယခု နွေစပါးစိုက်ပျိုးပင်များသည် ၄၅ ရက်သားရှိနေပြီး ရှင်သန်အောင်မြင်လျက်ရှိကာ ဒေသအနေဖြင့် မျိုးစပါးအသစ်ဖြစ်ကြောင်း၊ သက်တမ်းအားဖြင့် ရက် ၁၀၀ နှင့်ရက် ၁၀ဝ ကျော် သက်တမ်းမျိုးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သူရကြီး (ပြန်/ဆက်)