ပေါင် မတ် ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူ ရဲမှူးသံမရောင်က မြို့နယ်အတွင်းရှိသံဃာတော်အရှင်သူမြတ်တို့အား အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရန် ဌာနဆိုင်ရာများအပြင် ပြည်သူတွေကပါဝိုင်းဝန်းကူညီဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ သန့်ရှင်းရေးအပြင်၊ ဆွမ်းနှင့်လိုအပ်ပစ္စည်းများပူးပေါင်းဆောင်ရွက်ပေးပါရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က နေ့စဉ်တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာရှင်ပြည်သူများအား လုပ်အားပေးလုပ်ကိုင်ကြရန်နှင့် နေ့ညဆွမ်း၊ အအေးနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်နိုင်ရေး ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးကိုဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက ယခုနှစ်သည်ယခင်နှစ်ထက် စာဖြေသံဃာတော်များသည့်အတွက် လုပ်အားပေးများကိုပိုမိုများပြားအောင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကလည်း ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းအဖွဲ့ဥက္ကဋ္ဌ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြသည်။ ပါဠိပထမပြန်စာမေးပွဲကို ယခုလ ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ (၇)ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)