ရန်ကုန် မတ် ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ကာတွန်းပန်းချီရေးဆွဲနည်းနှင့် စာပေ၊ ကဗျာရေးသားနည်း သင်တန်းဆင်းပွဲအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်က သင်တန်းတက်ရောက်ခဲ့သော သင်တန်းသူ၊ သင်တန်းသားများနှင့် သင်တန်းနည်းပြဆရာ/ဆရာမများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့အတူ သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့သည်။ ထို့နောက် စာရေးဆရာမသဉ္ဇာလှိုင်(လားရှိုး)က သင်တန်းသားများအား အမှတ်တရစကားပြောခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား စာရေးဆရာမများကအမှတ်တရ လက်ဆောင်များချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာ၊ အတတ်ပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိရာ အထက်ပါသင်တန်းများကို မတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးခန့်အား အခမဲ့သင်ကြားဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိန်းအောင်(ခရိုင်ပြန်/ဆက်)