သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

သထုံ    မတ်     ၂၆

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ရှေးဦးစွာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်အေးက သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာအတတ်ပညာများအား လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချပြီး အသေးစားစီးပွားရေးလုပ်ငန်းရှင်များအဖြစ် ကိုယ်ပိုင်လုပ်ငန်းများထူထောင်စေလိုပါကြောင်း သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး‌ဒေါ်လှလှဌေးက သင်တန်းထုတ်ကုန်များကို သင်တန်းသားများထံပေးအပ်ရာ လက်ခံရယူကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းကို သထုံမြို့နယ်အတွင်း အသေးစားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရန်၊ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်၊ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်ရည်ရွယ်ကာ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းတွင် သင်တန်းသားသင်တန်းသူ ၁၃ ဦးတို့အား ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် အမျိုးမျိုးပြုလုပ်နည်းတို့ကို မတ်လ ၂၂ ရက်နေ့မှစတင်ကာ ၅ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)