မအူပင် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာ(၄)ရက်နေ့ နံနက် (၉)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လက်ပံကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်မှ အဖွင့်အမှာစကား ပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအား အသိပညာပေး ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ ဆရာကြီးဦးစိုး(ပညာရေးငြိမ်း)မှ စာဖတ်သူ တိုးပွားရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးသည်။ ၎င်းနောက် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ လက်ပံကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)