လဲချား ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြု(Community Centre)တွင် ယနေ့နံနက် ၉ နာရီအချိန်က(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဉီးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိစေရန်၊ စာကြည့်တိုက်အားရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ကာယနှင့်သက်ဆိုင်သည့် ကစားနည်းများဖြင့် ပြိုင်ပွဲများပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူ (၃၇)ဦးပါဝင် ယှဥ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)