လဲချားတွင် လူရည်ချွန် ကျောင်းသား/ကျောင်းသူရွေးချယ်ရေးဆိုင်ရာ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်း ဆောင်ရွက်

လဲချား ဒီဇင်ဘာ ၆ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား/ကျောင်းသူများရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက မြို့နယ်အားကစားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

 ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို မြို့နယ်ပညာရေးမှူး ဒေါ်မြမြသန်းနှင့် မြို့နယ်အား/ကာမှတာဝန်ရှိသူများက စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းတွင်  ရပ်လျက်ခုန်၊ မီတာ(၁၀၀)၊ (၄၀၀)၊ (၈၀၀)၊ ဒိုက်ထိုး၊ အိပ်ထမတင်တို့ စစ်ဆေးခဲ့ရာ မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)နှင့် အ.လ.ကကျောင်းများရှိ Grade-9၊ Grade -10၊ Grade–11 နှင့် Grade-12 တို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈)ဦး ဝင်ရောက် ပါဝင်ခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)