အ.ထ.က မိုင်းနောင်တွင် ကျောင်းအခြေပြု (KG) ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းများဆောင်ရွက်

မိုင်းနောင် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု (KG) တန်း ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော(KG)တန်း ကျောင်းသား၊ ကျောင်းသူများ အားလုံး ရောဂါကင်းဝေးရေး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးနှင့် ကျန်းမာသန်စွမ်း ဥာဏ်ရည်ထက်မြက်၍ အဖက်ဖက်မှ ဘက်စုံဖွံဖြိုးတိုးတက်စေရေးတို့အတွက် ဆုံဆို့နှင့် မေးခိုင်ကာကွယ်ဆေး(DT)များထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းမေထားနှင့် ကျန်းမာရေးဝန်ထမ်းများသည် (KG)တန်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၅) ဦးကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT)များ ထိုးနှံပေးကြောင်း သိရသည်။

မနန်း(မိုင်းနောင်)