စမ်းချောင်းမြို့နယ်တွင်  Pfizer  Grey Cap ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  ထိုးနှံ

စမ်းချောင်း  ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊  အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌   Pfizer Grey Cap ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး booster dose ထိုးနှံ‌‌ပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက် အ.မ.က (၃) ကျောင်း ကိုဗစ်ဆေးထိုးစင်တာ၌ အသက် (၁၈)နှစ်အထက် ပြည်သူများနှင့် စမ်းချောင်းမြို့နယ် သမိဒ္ဓေါဒရသုခိတာရာမမြန်အောင်သီလရှင်စာသင်တိုက်၌ သီလရှင်ဆရာ‌လေးများအား  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Pfizer Grey Cap ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းနှင့်အဖွဲ့ဝင်များ  မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း  သိရှိရသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)