ရေတာရှည် ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က စာဖတ်ခြင်း၏အကျိုး ကျေးဇူးများအား ဟောပြောဆွေးပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းထက်နိုင်မှ မီးမလောင်ခင်၊ မီးလောင်နေစဥ်နှင့် မီးလောင်ပြီးလျှင်ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေးပြောကြားသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောသန်းထိုက်က စားသုံးသူကာကွယ်ရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် တိုင်ကြားနိုင်သည့်နေရာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့် ပတ်သက်သည့် ဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြသခဲ့ရာ ကျောင်းသား/သူများနှင့် ဆရာ/မများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)