ညောင်တုန်း ဒီဇင်ဘာ ၆
ဧရာတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်း(၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ထိပ်ဝကြီးကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာနမှဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများကို ရှင်းလင်းပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးကျော်က အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်းကို နည်းစနစ်တကျလေ့လာသင်ယူပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းအဖြစ် အကျိုးရှိစွာ အသုံးပြုရန်လိုကြောင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းနိုင်က သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်းကို သင်တန်းသား(၃၀)ဦးတက်ရောက်သင်ကြားပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၄ ရက်နေ့ထိ စာတွေ့လက်တွေသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်ဆက်)