မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၌ တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ

မအူပင် ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အထွေထွေရောဂါကုဆေးရုံကြီး၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ကျန်းမာရေးဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မအူပင်ခရိုင် အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်မှ ဆေးရုံးကြီးနှင့်ပတ်သက်၍ ဆေးကုသမှုလုပ်ငန်းများ‌ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဦးစီးဌာနမှူးမှ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက်တိုင်းဒေသကြီး ဦးစီးဌာနမှူးသည် မအူပင်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကာကွယ်ဆေးသို‌လှောင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်မှ ရှင်းလင်းတင်ပြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာစိုးသက်နှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)