ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြိုတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် (၁၆)ရက်တာလုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၄) ရပ်ကွက်ရှိ ဖူဆယ်ကွင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမျိုးဆွေက မသန်စွမ်းသူများနေ့အထိမ်းအမှတ် (၁၆)ရက်တာလှုပ်ရှားမှု ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကွင်းဆင်းမန်နေဂျာ ဒေါ်မိုရာနိင်ဦးက စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားပြီး လုပ်ငန်ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကွင်းဆင်းအရာရှိ ဦးစိုင်းဆန်ဟန်မှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပေါ်လာပုံနှင့် (၁၆)ရက်တာလှုပ်ရှားမှု့များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)