နမ့်စန်တွင် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အလယ်တန်းဆင့်(Grade-9) သင်ယူပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နမ့်စန်() ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အလယ်တန်းဆင့်(Grade-9) သင်ယူပြီးမြောက်ခြင်း ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်) သရဖီခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်သက်မူက (Grade-5)နှင့် (Grade-9) စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြား၍ စာမေးပွဲလုပ်ငန်းလက်စွဲကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာအလယ်တန်းဆင့် (Grade-9)သင်ရိုးသစ်နှင့် မူလတန်းဆင့်(Grade-5)သင်ရိုးသစ် ပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် တောင်ကြီး၊ နမ့်စန်၊ ကွန်ဟိန်းနှင့် မိုးနဲမြို့နယ်များမှ တာဝန်ခံဆရာမများက ဘာသာရပ်ကဏ္ဍအလိုက် မေးခွန်းပုံစံများကို တစ်ဦးချင်း ဆက်လက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်သက်မူနှင့်တာဝန်ရှိသူများ၊ နမ့်စန်ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ နမ့်စန်ခရိုင်အတွင်းရှိ နမ့်စန်၊ ကွန်ဟိန်းနှင့် မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း (၂၄၆)ကျောင်းမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)