ပြင်ဦးလွင် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ပွဲကို ရပ်ကွက်ကြီး(၄)ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပြင်ဦးလွင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုဇင်သန့်နှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့်အဖွဲ့ဝင်များသည် ကိုယ်ဝန်ဆောင် (၇)ဦးတို့အား ကိုယ်ဝန်ဆောင်အာဟာရများဖြစ်သည့် ကြက်ဥ၊ ဖီးကြမ်းငှက်ပျောသီး၊ အိုင်အိုဒင်းဆား၊ ကွေကာ၊ မုန့်နှင့် ငွေသားကျပ် (၂၀၀၀၀)စီတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် အသင်းပိုင်သားဖွားခန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခြင်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပြီး အသင်းပိုင်မေတ္တာပန်းငုံမူကြိုကျောင်းမှ ကလေးငယ်များအား ကြက်ဥ၊ အိုဗာတင်းများတိုက်ကျွေး၍ မုန့်နှင့်ပဲနို့များ ဝေငှပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရပ်ကွက်ကြီး (၂၁) မိုးကြိုးကျေးရွာရှိ မေတ္တာစမ်းရေမူကြိုကျောင်းမှ ကလေးငယ်များအား အာဟာရပြည့် ကြက်သားဆန်ပြုတ်တိုက်ကျွေး၍ ပဲနို့နှင့်မုန့်များ ဝေငှခြင်းပေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ခရိုင်ပြန်/ဆက်)