Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပင်လုံမြို့ အ.ထ.က (၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန် လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Feb 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန် လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် (၁:၀၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ်တွင် လားဟူနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ရိုးရာအကများဖြင့် လားဟူတိုင်းရင်းသားများ စုပေါင်းပါဝင်ဆင်နွှဲ
Feb 14,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နေထိုင်သော လားဟူတိုင်းရင်းသားများသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော လားဟူနှစ်သစ် ကူးပွဲတော်အထိမ်အမှတ်အဖြစ် စုပေါင်း၍ရိုးရာအကများကို ဝိုင်းဖွဲ့၍ လားဟူအမျိုးသား၊ အမျိုးသမီး များပါဝင်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ မက်မန်းမြို့၊ ကွန်ဟောင်းကျေးရွာ၊ အားကစားကွင်းတွင် စုပေါင်းဆင်နွှဲလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့ အ.ထ.က(၁)ကျောင်း၌ သုံးထပ်ကျောင်းဆောင်သစ် တည်ဆောက်မှု မကြာမီ ပြီးစီးမည်
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြီးခဲ့သည့်နှစ် ဩဂုတ်လဆန်းပိုင်းက စတင်ဆောက်လုပ်ခဲ့သော သုံးထပ်ကျောင်းဆောင်သစ် တည်ဆောက်မှုလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ရာ မကြာမီ ဖွင့်လှစ်အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားသမားတည်းခိုဆောင် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦဖွင့်
Feb 14,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဇော်သကကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော ကရင်ပြည်နယ်အားကစားသမား တည်းခိုဆောင် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းအနီးရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးငယ်များ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကလေးများနေ့အထိမ်းအမှတ် မူကြို ကလေးငယ်များ၏ ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၉)ရပ်ကွက်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူကြိုကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်၌ စာပေဆွေးနွေးပွဲပြုလုပ်
Feb 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာပေဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် (၁)နာရီ အချိန် ေရဖြူမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ရွှေဖူးစာမင်္ဂလာခန်းမ၊ စတိုးဆိုင်များ၊ နေအိမ်များတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အလွတ်တန်း/အငယ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 14,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက်(၂၃)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အလွတ်တန်း/အငယ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်(၉)နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6105
Page
6106
Page
6107
Page
6108
Current page
6109
Page
6110
Page
6111
Page
6112
Page
6113
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department