သတင်းများ

ပြည်ကြီးမဏ္ဍိုင်မြို့၌ ဟင်းသီးဟင်းရွက်များဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံများသည် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးရောင်းချလျက်ရှိရာ ဟင်းသီးဟင်းရွက်များ ဈေးကောင်းရရှိ၍  နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။
ကရသူရိမြို့၌ ကျောင်းသား/ သူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့် အလေ့အကျင့်များ ဆောင်ရွက်
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူများ စာအုပ်/ စာပေများဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများနှင့် စာပေဝါသနာရှင်များတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့်အလေ့အကျင့်များ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ကလေးသူငယ်သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး ဆောင်ရွက်
Dec 10,2024
မန္တလေးတိုင်း​ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ အ.ထ.က-၂၉ကျောင်းတွင် ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူအား ကလေးသူငယ်သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ Hotel Dawei ၌ ကျင်းပသည်။
ကျောက်ဆည်ခရိုင် ခရိုင်မီးသတ်ဦးစီးဌာနတွင် မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲ ကျင်းပ
Dec 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် မီးသတ်တပ်ဖွဲ့ဝင်များ အရည်အချင်းပြည့်မှီစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရေမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍  မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Dec 10,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြား
Dec 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်း (၅)ရက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ မရွှေဦး ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့ အောင်ချမ်းသာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ
Dec 10,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာအောင်၀င်း (စိတ်ပညာ)ရေးသားသည့် “သင့်အတွင်းစိတ်၏ အလွန်ကြီးမား သောတန်ခိုးသုံးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အောင်ချမ်းသာ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်၌ ကျင်းပသည်။