ရေဖြူမြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ညဏ်စမ်းပြိုင်ပွဲ ပြုလုပ်

ရေဖြူ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့၊‌ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ‌အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်က အဖွင့်အမှာစကား ပြောကြားပြီး ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး၏ တန်ဖိုးကြီးမားပုံကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ဉာဏ်စမ်းပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်စေရာ  ကျောင်းသား/ကျောင်းသူများက  စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခတ္တာ