မိတ္ထီလာ ဒီဇင်ဘာ ၁၀
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ထရန်စဖော်မာများ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေး လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများမှ အငယ်တန်းအင်ဂျင်နီယာ(၂)နှင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအား ထရန်စဖော်မာများ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်၍ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ရာ မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှ အငယ်တန်းအင်ဂျင်နီယာ-၂ (၁၈)ဦးနှင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၂၀)ဦးတို့ တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းတွင် မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာ ဦးနောင်ဘိုဘိုနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးယုမော်တို့က အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့်အတူ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်မြို့များမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများက သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)