ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်

မြောင်းမြ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်သည့် နေ့သင်တန်း (B.A,B.Sc) ပညာရေးဘွဲ့ပထမနှစ်​ ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်အချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားကို "ပွင့်ဖူးဝေဆာကျောင်းတော်သာ" တေးသီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေ (၁၀) သိန်းကျပ်အား ပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် သင်တန်းသို့တက်ရောက်လာကြသော မြောင်းမြ၊ လပွတ္တာ၊ ပုသိမ်၊ ဟင်္သာတ၊ ကျုံပျော်၊ မအူပင်၊ ဖျာပုံ၊ မြန်အောင်မြို့နယ်များမှ ပထမနှစ်သင်တန်းသား၊ သင်တန်းသူ (၁၂၃) ဦးတို့က မြို့နယ်အလိုက် မိတ်ဆက်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ထမင်းလက်စုံစားသောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများနှင့် လေးနှစ်သင်နေ့သင်တန်းသား၊ သင်တန်သူဆရာ၊ ဆရာမများ စုစုပေါင်း (၇၀၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ