ပလောက် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာ ညွှန်ကြားချက်များအား ယနေ့နံနက်ပိုင်းက စည်ပင်သာယာစျေးကြီးအတွင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပလောက်နယ်မြေမီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့အတွင်းရှိ စည်ပင်သာယာဈေးကြီးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးကိုသတိပြုသုံးစွဲရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)