ကရသူရိ ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူများ စာအုပ်/ စာပေများဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများနှင့် စာပေဝါသနာရှင်များတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့်အလေ့အကျင့်များ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်အားနည်းသည့် ကျောင်းသား/ သူများအား စာဖတ်အားကောင်းစေသည့် လေ့ကျင့်မှုတစ်ရပ်အနေဖြင့် ၎င်းတို့ကြိုက်နှစ်သက်ရာ စာအုပ်/ စာပေများဖြင့် (၁၅) မိနစ်ကြာ ဖတ်ရှုစေခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းသည် ကျောင်းသား/ သူများ အားလပ်သည့်အချိန်များတွင် မိမိစိတ်ဝင်စားရာ စာအုပ်စာပေများမှတစ်ဆင့် အသိပညာ/ အတတ်ပညာ ကြွယ်ဝသော စာအုပ်/ စာပေများသို့ အဆင့်ဆင့်ပြောင်းလဲဖတ်ရှုခြင်းဖြင့် ဉာဏ်ပညာများကြွယ်ဝကာ စာအုပ်/ စာပေချစ်မြတ်နိုးသူများဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)