ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံများသည် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးရောင်းချလျက်ရှိရာ ဟင်းသီးဟင်းရွက်များ ဈေးကောင်းရရှိ၍ နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ စားပင်သီးပင်များ စိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းအစား စားနပ်ရိက္ခာဖူလုံမှုအပြင် အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ခရမ်း၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ မုန်လာ၊ ပဲတောင့်ရှည်နှင့် သခွားပင်များကို အိမ်ဘေးပတ်ဝန်းကျင်ရှိ မြေလွတ်နေရာများတွင် စိုက်ပျိုးခြင်းနှင့် ကွမ်းခြံများတွင် ကြားညှပ်သီးနှံအဖြစ် ရောနှောစိုက်ပျိုးကြကြောင်း သိရသည်။
ရာသီပေါ် ဟင်းသီးဟင်းရွက်များဖြစ်သည့်အတွက် အချိန်တိုအတွင်း ခူးဆွတ်ရောင်းချနိုင်ပြီး ခရမ်းသီး တစ်တွဲ(၁၀၀၀)ကျပ်၊ ချဉ်ပေါင်၊ ကန်စွန်းရွက် တစ်စီး(၅၀၀)ကျပ်၊ ပဲတောင့်တစ်စီး(၁၀၀၀)ကျပ်နှင့် ရုံးပတီတစ် စီး(၁၀၀၀)ကျပ်၊ မုန်လာတစ်စီး(၁၀၀၀)ကျပ်၊ သခွားသီးများမှာ အလုံးအရွယ်အစားပေါ် မူတည်၍ (၁၀၀၀)မှ (၁၅၀၀)အထိ ရရှိရာ ထွက်ရှိသမျှ ဟင်းသီးဟင်းရွက်များကို အိမ်တွင် ရောင်းချခြင်း၊ လေညာနှင့် မဏ္ဍိုင်ရပ်ကွက် ရှိဈေးဆိုင်များတွင် ဖောက်သည်ပေး၍ ရောင်းချခြင်းများ ပြုလုပ်လျက်ရှိသည်။
မြို့နယ် (ပြန်/ဆက်)