ကျောက်ဆည်ခရိုင် ခရိုင်မီးသတ်ဦးစီးဌာနတွင် မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲ ကျင်းပ

မြစ်သား ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် မီးသတ်တပ်ဖွဲ့ဝင်များ အရည်အချင်းပြည့်မှီစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရေမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍  မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲကို ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦး‌စောလွင်အေးက ဦးဆောင်ပြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် တံတားဦးမြို့နယ်များရှိ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သော အရာရှိအဆင့် (၄) ဦး၊ အကြပ်အဆင့် (၅) ဦး၊ တပ်သားအဆင့် (၄) ဦး စုစုပေါင်း (၁၃) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ ထိုသို့ မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ရေးဖြေနှုတ်ဖြေများ စစ်ဆေးဖြေဆိုရကြောင်း ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)