သတင်းများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများအသိဉာဏ်ပညာတိုးပွားရရှိစေရန်  အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီခွဲ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ပြုလုပ်
Dec 10,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.မ.က(၇)နားမေတ္တာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ
Dec 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီခွဲ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလောင်စုံ ရေးသားသော "လူငယ်နှင့် ယဥ်ကျေးမှုတန်ဖိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့ မြို့မစျေးကြီးရှေ့၌ မီးဘေးကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်
Dec 10,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာတုံ့ပြန်မီးငြှိမ်းသတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့မစျေးကြီးရှေ့၌ ယမန်နေ့နံနက်ပိုင်း ၁၀ နာရီအချိန်က အဆိုပါစျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးမြင့်အောင် ရတနာပုံတက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများအား ဥပဒေဆိုင်ရာ အသိပညာပေး အခမ်းအနား ကျင်းပ
Dec 10,2024
အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများအား ဥပဒေဆိုင်ရာ အသိပညာပေး အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးမြင့်အောင်၊ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမာက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ စီမံအရာရှိများ၊၊ စီမံဝန်ထမ်းများ တက်ရောက်ကြသည်။
ဗဟန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများ၏ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ မူ(လွန်) ညာပရောကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်  ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Dec 10,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးအုပ်စု ညာပရောကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ဆီထွက်သီးနှံ ဆောင်းနေကြာ မျိုးစေ့ချ စိုက်ပျိုးပွဲ ကျင်းပ
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင် ဆီထွက်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိစေရေးရည်ရွယ်၍ ဆောင်းနေကြာမျိုးစေ့ချ စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက တညင်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၄၂၂-က)၊ ဦးပိုင်အမှတ်(၄၊ ၄.၄၊ ၁၀)ရှိ တောင်သူဦးမြင့်မောင်၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။