သတင်းများ

မဟာအောင်မြေမြို့နယ်၌ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Dec 10,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဒီဇင်ဘာ (၉) ရက်နေ့က  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးသည်။
ပြင်ဦးလွင်မြို့ ဒိုးကွင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ
Dec 10,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာ ကို‌ရွှေအောင်သင်း ရေးသားသည့် “မျှော်ရစ်လမ်းကလေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ဒိုးကွင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
မိုင်းယောင်းမြို့၌ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်
Dec 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင်(၉၄)ကြိမ်မြောက် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်း အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်
Dec 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်(၉၄)ကြိမ်မြောက် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြစ်သားမြို့နယ်ပညာရေးမှူး ရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆွေးနွေးပွဲ ကျင်းပ
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
လိပ်သိုမြို့တွင် အသင်းတော်အခြေပြု ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး (ECCD) ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်
Dec 10,2024
ဂေခိုဂေဘားနှစ်ခြင်းသာသနာ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက အသင်းတော်အခြေပြုကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး (ECCD) ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဆောင်ရွက်
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ လျော့ချသုံးစွဲနိုင်ရေးနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့အတွက်  ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဆောင်ရွက်ခြင်းကို မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။         
တောင်တွင်းကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။