ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ အ.ထ.က-၂၉ကျောင်းတွင် ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူအား ကလေးသူငယ်သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အ.ထ.က ၂၉ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုခင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်၊၊ မြို့နယ်မီးသတ်ဦးစီမှူး ဦးကျော်ကျော်ဦးမှ 3Kg မိးသတ်ဆေးဘူးအား ကျောင်းအတွက် ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ချမ်းအေးသာစံ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ကိစ္စရပ်များ ကျရောက်လာပါက ဆောင်ရွက်ရမည့် အစီအမံများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ပုံ အဆင့်ဆင့်နှင့် စာတွေ့လက်တွေ့ သရုပ်ပြပုံများအား ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ချမ်းအေးသာစံခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုနှင့် မြို့နယ်ခုနှစ်မြို့နယ်မှ မီးသတ်(၅၀)ဦး၊ အရံမီးသတ်(၂၀)ဦး၊ မီးသတ်အုပ်ချုပ်မှူးယာဥ်(၇)စီး၊ မီးသတ်ယာဉ်(၁)စီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ အဖွဲ့ဝင် ၁ ဗိုလ်မှူး ဝင်းအောင်မျိုး၊ အဖွဲ့ဝင် ၂ ဦးသောင်းနိုင်၊ အဖွဲ့ဝင် ၃ ဦးအောင်သွင်၊ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းလွင်ဦး၊ အ.ထ.က ၂၉ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချို၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)