၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲအောင်မြင်တော်မူတော်သော သံဃာတော်အား ကြိုဆိုဂုဏ်ပြု
Feb 18,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပပြီးစီးခဲ့သော ၁၃၈၄ခုနှစ် (၂၀၂၃ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့သော မိုင်းကိုင်မြို့နယ်မှ သာသနာဓဇဓမ္မာစရိယဘွဲ့ ဆက်ကပ်ခြင်းခံရသော စာအောင်သံဃာတော်ဘဒ္ဒန္တသုန္ဒရအား ဂုဏ်ပြုကြိုဆိုပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်က ရွှေမြင်ထင်မွေတော်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။