ညောင်တုန်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်တိုက်မှု လျော့နည်းစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာစေရေး ပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့မစခန်းမှူးဒုရဲမှူး ညီညီက ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းမှ မြို့နယ်အတွင်း စီးနင်းသွားလာနေသော မော်တော်ဆိုင်ကယ်များအား မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်စီးနင်းရန်၊ နှစ်ဦးထက်ပို၍ စီးနင်းခြင်းမပြုရန်၊ ပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်တို့ကို အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)